၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/ စာရင်းကောက် မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကျင်းပ

တောင်ကုတ် စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဌေးနှင့် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးတို့က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်းစာရင်းဆိုင်ရာများကို ပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဦးမောင်ပုနှင့် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေးတို့က သင်တန်းသား/သူများသို့ သင်တန်းအထောက်အကူပစ္စည်းများ ပေးအပ်ကြသည်။

အဆိုပါသင်တန်းကို စက်တင်ဘာ(၁၇)ရက်နေ့မှ စက်တင်ဘာ(၂၈)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကာ ခရိုင်အဆင့်နည်းပြ(၃)ဦးက သင်တန်းသား/သူ(၂၄)ဦး သို့ နည်းပညာကိုအသုံးပြု၍ စာရင်းကောက်၊ စာရင်းစစ်လုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၂)ဦးမောင်ပု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၀င်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)