လိပ်သိုဒေသတွင် တံမြက်စည်းရိုးများ စတင်ချိုးယူရောင်းဝယ်လျက်ရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဥယျာဉ်ခြံများနှင့် တောတောင်များ၊ နေအပူချိန်မြင့်သောနေရာများ၊ တောင်ယာဒေသများနှင့် လမ်းဘေးဝဲယာများတွင် သဘာဝအလျောက်များပြားစွာ ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များမှာ ချိုးယူရောင်းဝယ်အသုံးပြုရန် သင့်လျော်ပြီဖြစ်၍ ကျေးရွာများတွင်နေထိုင်လျက်ရှိသော ဒေသခံများက စတင်ချိုးယူ ရောင်းဝယ်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။