ရှမ်းရွာသစ် စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ဒေသနေပြည်သူများနှင့် ကလေးသူငယ်များ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသည့်အပြင် ကလေးစာဖတ်ခန်း၌ စာအုပ်များ လာရောက်ဖတ်ရှုသောကလေးငယ်များနှင့် လာရောက်ဆော့ကစားသော ကလေးသူငယ်များ ယခင်လများထက် များပြားလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် စာဖတ်စာငှား ကလေးသူငယ်များပြားခြင်း၊ ဒေသနေပြည်သူများလည်း သုတ၊ ရသစာအုပ်များကို ယခင်လများထက် ပိုမိုငှားရမ်းလာခြင်း၊ ကလေးသူငယ်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်သော ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များကို စီစဉ်ထားပေးခြင်း၊ ခါးလှည့်ကွင်းကစားနည်း၊ အရုပ်ဆက်ကစားနည်း၊ ဆေးရောင်ခြယ်ခြင်း၊ ဘောလုံးပစ်ခြင်း၊ ဘိုးလိမ်းပစ်ခြင်း အားကစားနည်းများကိုလည်း ထားရှိပေးထား၍ နေ့စဉ်ကလေးသူငယ်များ လာရောက်ကြကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူလူငယ်လေးများအတွက် သုတ/ရသစာအုပ်များ၊ ဝတ္ထုတိုများ၊ မဂ္ဂဇင်းများ၊ ဆောင်းပါးများ၊ ရွှေသွေးဂျာနယ်များ၊ တေဇရုပ်ပြများ၊ မိုးသောက်ပန်းဂျာနယ်များ၊ ထင်ရှားကျော်ကြားသော နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဘာသာရေးစာအုပ်များအပြင် နေ့စဉ်ထုတ်သတင်းစာများကို အလွယ်တကူ ဖတ်ရှုငှားရမ်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အခမဲ့အသင်းဝင်ကတ် ပြုလုပ်ပေးခြင်းဖြင့် စာအုပ်စာစောင်များ ငှားရမ်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်