မြိတ်မြို့နယ် သန်းခေါင်စာရင်းကော်မတီမှ စာရင်းစစ်/စာရင်း ကောက်သင်တန်း ဖွင့်လှစ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ဖွင့်လှစ်ခဲ့သည်။