မိုင်းဖြတ်မြို့နယ်၌ ပြည်သူ့လုံခြုံ​ရေးနှင့် အကြမ်းဖက်နှိမ်နင်း​ရေး အမှတ်စဥ်(၁/၂၀၂၄)ဖွင့်လှစ်

မိုင်းဖြတ် စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချပ်​ရေးယန္တရား ခိုင်မာ​အောင်တည်ဆောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်​ရေး အမှတ်စဥ်(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက်က စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် စစ်​ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

​ရှေးဦးစွာ စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးချုပ် ​ဇော်မင်းဦးက မိန့်ခွန်း​ပြောကြားရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏ ​ရှေ့လုပ်ငန်းစဥ်(၅)ရပ် အ​ကောင်အထည်​ဖော်မှုကို ပါဝင်ကူညီ​ဆောင်ရွက်ရန်ဖြစ်​ကြောင်းနှင့် စပ်လျဥ်းပြီး မိန့်ခွန်း​ပြောကြားခဲ့သည်။ ထို့​နောက် စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူးက သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးချုပ် ​ဇော်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ တက်​ရောက်ကြပြီး သင်တန်းကို  စက်တင်ဘာလ ၁၆ရက်မှ ၂၇ရက်​နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၅၁)ဦး တက်ရောက်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)