ခန္တီးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ခန္တီး စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အခြေခံပညာမူလတန်းကျောင်း(နားမေတ္တာ)၌ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ဝေမွန်က မိမိတို့နေထိုင်နေသည့် ကမ္ဘာကြီးအကြောင်း ပိုမိုသိရှိနားလည်လာပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ချစ်အားပိုက ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ အိုဇုန်းလွှာကို ထိန်းသိမ်းစို့ ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာကို ထိန်းသိမ်းကာကွယ်ပေး လက်ကမ်းစာစောင်များကို ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူလေးများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အခမ်းနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူလေးများ စုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)