ကျိုင်းတုံမြို့၌ ပြည်သူ့လုံခြုံ​ရေးနှင့်အကြမ်းဖက်နှိမ်နင်း​ရေး အမှတ်စဥ်(၁/၂၀၂၄)ဖွင့်လှစ်

ကျိုင်းတုံ စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဒေသတွင်းတည်ငြိမ်​အေးချမ်း​ရေး၊ တရားဥပ​ဒေစိုးမိုးရေးနှင့် အုပ်ချုပ်​ရေးယန္တရား ခိုင်မာ​အောင်တည်​ဆောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သည့် ပြည်သူ့လုံခြုံ​ရေးနှင့်အကြမ်းဖက်နှိမ်နင်​ရေး အမှတ်စဥ်(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက်က ကျိုင်းတုံမြို့ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

​ရှေးဦးစွာ ကျိုင်းတုံမြို့ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊  ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်က မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ ကျိုင်းတုံမြို့ အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲမှူး ရဲမှူးကြီး အေးသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာလ ၁၆ ရက်မှ ၂၇ ရက်​နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၅၁)ဦး တက်​ရောက်​ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)