မော်လိုက်မြို့ အ.ထ.က ကျောင်း၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းနားကျင်းပ

မော်လိုက် ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပညာရေးဆုံညီပွဲတော်ကို ယမန်နေ့နံနက် (၉) နာရီ အချိန်က မော်လိုက် အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဆရာ/ဆရာမများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် သံပြိုင်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ကာ မော်လိုက်မြို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်မာမာအေးက ကျောင်းသား/ကျောင်းသူများကို အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နော်ဥမ္မာတုပ်က စုံညီပွဲတော်နဲ့ ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် ကျန်းမာရေးအဆင့်မြင့်ကျောင်း ထူးချွန်ဆု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြောပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲ၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာပြိုင်ပွဲ စသည့်ပြိုင်များတွင် ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦ:အေးလွင်က လည်းကောင်း၊ ၂၀၂၃−၂၀၂၄ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၌ စာစီစာကုံး၊ ပန်းချီ၊ ကျပန်း၊ ကာတွန်းပြိုင်ပွဲ၊ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများကို အသီးသီးဆုချီးမြှင့်ခဲ့ကြပြီး ဆရာ/ဆရာမများနှင့် မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများက သီးချင်း၊ အကအလှများ၊ တေးသရုပ် ဖော်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)