ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စုတွင် ဆောင်းနေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ခူးခြွေမှုနှင့် ရေကျနောက်စိုက် စပါးကွင်းများအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စုတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆောင်းနေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ခူးခြွေမှုနှင့် ရေကျနောက်စိုက်စပါးကွင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌဦးရည်မွန်နှင့်အဖွဲ့ဝင်များက သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာတွင် ဆောင်းနေကြာစံပြ(၁၀)ဧက စိုက်ပျိုးထားရှိဖြစ်ထွန်းမှုအခြေအနေ၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ခူးခြွေနေမှု အားပေးကြည့်ရှုပြီး ရေကျနောက်စိုက် ဆင်းသုခစပါးကွင်းအမှတ်(၆၈၃)၊ ဦးပိုင်(၂၅/၆)၊ တောင်သူဦးကံမြင့် လယ်(၅.၆၀)ဧကရိတ်သိမ်းရာ စံကွက်အမှတ်(၁)(၁၀၇)တင်း၊ စံကွက်အမှတ်(၂)(၁၁၃)တင်း၊ စံကွက်အမှတ်(၃)(၁၀၄)တင်း၊ ပျမ်းမျှ(၁၀၈)တင်း၊ အခြောက်(၁၀၅)တင်းထွက်ရှိမှုတို့ကို အားပေးကြည့်ရှုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့်အဖွဲ့မှ ရှင်းလင်းတင်ပြရာ နွေစပါးထပ်မံစိုက်ပျိုးရန်နှင့် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်