မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် မင်္ဝလာတောင်ညွန့်မြို့နယ်၌ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ကန်တော်ကလေးတောင်ရပ်ကွက်၊ စံပြဖဆပလရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ကန်​တော်က​လေးရပ်ကွက် ၉၄ လမ်းနှင့် စံ​ပြဖဆပလရပ်ကွက် Cencus Unit တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် တာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဇန်နဝါရီ ၁၆ ရက်မှ မတ်လကုန်ရက်အထိ ရပ်ကွက်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)