နတ်မောက်မြို့၌ တောင်သူအသိပညာပေးဆွေးနွေးပွဲပြုလုပ်

နတ်မောက် ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါတောင်သူအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဦးစီးအရာရှိက တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူအသိပညာပေးဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးဒေါ်မော်မော်ဝင်း၊ တိုင်းပိုးမွှားတာဝန်ခံဒေါ်သက်သက်မြင့်၊ တိုင်းမြေအသုံးချတာဝန်ခံဒေါ်သီတာဝင်းနှင့် တိုင်းမျိုးစေ့တာဝန်ခံဒေါ်နီနီခင်တို့က မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်း၊ စပါးအထွက်တိုးရေးနည်းပညာ၊ ဝါသီးနှံအထွက်နှုန်းတိုးတက်မြင့်မားရေးဆိုင်ရာဆောင်ရွက်ရမည့်နည်းစနစ်များ၊ စပါးသီးနှံတွင်ကျရောက်တတ်သော ဖျက်ပိုးရောဂါများ၏လက္ခဏာအကြောင်းအရာများကို သက်ဆိုင်ရာဌာနအကြီးအကဲများက အသီးသီးဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် တောင်သူများကလည်း စိတ်ပါလက်ပါသိရှိလိုသည့်အကြောင်းအရာများကို သက်ဆိုင်ရာအကြီးအကဲများဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေး ရှင်းလင်း‌ပြောကြားခဲ့ကြကြောင်း သိရသည်။

လှဝင်း