နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၊ နေပြည်တော်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား တက်ရာက်

 နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဟန်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း(အိုင်စောက်)သို့ သွားရောက်၍ ရေကြီး ရေလျှံမှုကြောင့် ကျောင်းအတွင်းနှင့် စာသင်ခန်းများတွင် ရေများဝင်ရောက်ခဲ့ပြီး ရေများပြန်လည် ကျဆင်သွားရာ အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် နုန်းများဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ကျောင်း၏ထိခိုက်ပျက်စီးမှု အခြေအနေများကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းအတွင်းရှိ နုန်းများကို ဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းများ၊  သင်ကြာရေးလုပ်ငန်းများကို အမြန်ပြန်လည်စတင်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ယာဉ်၊ယန္တရားများ အသုံးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်းနှင့် အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုအားပေးကြည့်ရှု၍ ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့ နံနက် ၈ နာရီက နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ဟေမန်ကျေးရွာမူလတန်းကျောင်းတွင် မြစ်ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သည့်နုန်းနှင့် အမှိုက်များအား အမှတ်(၂) ရဲတပ်သားသစ် သင်တန်းကျောင်း (ဝက်ထီးကန်)မှ သင်တန်းသား ၅၀ ဦး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ရေကြီးနစ်မြုပ်ခဲ့သည့် ဟေမန်ကျေးရွာနေအိမ်များရှိ ရေတွင်းနှင့် လက်နှိပ်တွင်းများ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆေးခတ်ခြင်း ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုကာ ရေနစ်မြုပ်ခဲ့သည့် နေအိမ်များရှိ ကျေးရွာပြည်သူများအား လိုက်လံအားပေး၍ ဟေမန်ကျေးရွာမှ ရေဘေးသင့် ပြည်သူများအတွက် ဆန် ၁၀ အိတ်နှင့် ဆီများ လှူဒါန်းသည်။

ကလောမြို့၌ ရေကြီး၊ရေလျှံမှုဖြစ်ပွားခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေပြန်ကျသွားသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလောတပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာနေ ဒေသခံပြည်သူများ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၌ ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင် ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ကျင်းပသည်။

သာစည်မြို့ အ.ထ.က(၁)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ ရရှိစေရန် ကလေးအလုပ် သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ စေတနာအလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး 

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကလေးဆေးရုံ ပရဝုဏ်အတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊  အမှိုက်များအား  မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင် အင်အား (၁၅၀) ဦးဖြင့်  စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ 
Subscribe to