ဘုတ်ပြင်း ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် စာဖတ်ပရိတ်သတ်တို့ပူးပေါင်း၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးကြည်ဦးက လူငယ်နှင့်အောင်မြင်ခြင်း ခေါင်းစဉ်နှင့် Book Club အဖွဲ့ဝင် ဒေါ်ခင်သန်းဆင့်က အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ Book Club အဖွဲ့ဝင် ဒေါ်ချမ်းမြေ့သူက ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ဆုမြတ်မွန်က အသုံးကျခြင်းနှင့်နှလုံးလှခြင်း ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ခိုင်သဇင်ထွန်းက အလှအပနှင့်ဝင့်ကြွားခြင်း ခေါင်းစဉ်တို့ဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ပရိတ်သတ်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)