မဟာအောင်မြေ ဇန်နဝါရီ ၁၉
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနမှ ဝန်ထမ်းများ သတင်းရေးသားနည်းပညာရပ်များ တတ်ကျွမ်းစေရန်၊ သတင်းပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချတတ်စေရန် ရည်ရွယ်၍ သတင်းစာပညာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို မန္တလေးနေ့စဉ် သတင်းစာတိုက်၊ သင်တန်းခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
မန္တလေးသတင်းစာသည် နိုင်ငံတော်အဆင့်သတင်းများ၊ တိုင်းနှင့်ပြည်နယ် ဌာနဆိုင်ရာသတင်းများ၊ ခရိုင်၊ မြို့နယ်၊ ရက်ကွက်ကျေးရွာများ၏ ဖွံ့ဖြိုးရေးသတင်းများ ရေးသားလျက်ရှိသည့် သတင်းစာတစ်စောင်ဖြစ်ပြီး သတင်းစာပညာသင်တန်းများလည်း ဖွင့်လှစ်ပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနမှ ဝန်ထမ်း (၄၂) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း