ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဆီဆိုင် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပစ္စည်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်းရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား အိမ်ထောင်စု()စုအတွက် ကျား/မတစ်ဦးလျှင် ရှပ်အင်္ကျီ(၁)ထည်နှုန်းနှင့် ဆပ်ပြာခဲ(၁)ခဲစီဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်တာဝန်ရှိသူတို့က ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူ စုစုပေါင်းအိမ်ထောင်စု(၁၈၃၄)စု၊ ကျား/မ စုစုပေါင်းဦးရေ(၇၃၀၄)ဦးတို့အတွက် ကျား/မဝတ် ရှပ်အင်္ကျီ(၇၃၀၄)ထည်နှင့် ဆပ်ပြာခဲ(၇၃၀၄)ခဲတို့ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ ယာယီနေရပ်စွန့်ခွာသူများထံ ဆက်လက်ဖြန့်ဝေထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)