မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆု‌ချီးမြှင့်ပွဲ အခမ်း အနားကျင်းပ

မိုင်းရှူး  စက်တင်ဘာ   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲတွင် ဝမ်ဟိုင်း(က)FCအသင်းနှင့် ဝမ်ကျောင်းFC အသင်းတို့ ယှဉ်ပြိုင်ကစား ကြပြီး ဝမ်ဟိုင်း(က)FCအသင်းက ဝမ်ကျောင်းFC အသင်းအား နှစ်ဂိုး၊ ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ ရွှေင်္ဟသာစျေး Fc အသင်း တတိယဆု၊ ဒုတိယဆုရရှိ‌သော ဝမ်ကျောင်း FC အသင်းတစ်ဦးချင်း ငွေဆွဲပြားဆု၊ ပထမဆုတံခွန်စိုက်ရရှိသော ဝမ်ဟိုင်း(က)FC အသင်းတစ်ဦးချင်းရွှေဆွဲပြားဆု၊ လူငယ်အထူးချွန်ဆုံး အားကစားသမားဆု၊ လူငယ်အားကစားသမားအကောင်းဆုံးဆု၊ အတိုးတက်ဆုံးအားကစားသမားဆု၊ အကောင်းဆုံး ဘောလုံးသမားဆု၊ပထမဆု တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုတို့ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝါသနာရှင်မိဘပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)