နတ်တလင်း အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူမှုအား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူမှုများအား ခရိုင်သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်ဒုတိယရဲမှူးကြီး မောင်မောင်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
နတ်တလင်း မြို့နယ်အနေဖြင့် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၇) အုပ်စု၊ ကျေးရွာ (၃၆၃) ရွာတွင် စာရင်းကောက်ကွက် (၄၇၈) ကွက်အား စာရင်းစစ်/စာရင်းကောက် (၁၈၀) ဦးဖြင့် အောက်တိုဘာလ (၁) ရက်နေ့ မှ (၁၅) ရက်နေ့အတွင်း၊ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
နတ်တလင်း (ပြန်/ဆက်)