နတ်မောက်မြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ကွက်အလိုက် ကောက်ယူဆောင်ရွက်

နတ်မောက်    အောက်တိုဘာ  ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင် စာရင်းကောက်ယူရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များနဲ့အတူ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ကောက်ကွက်အလိုက် ကောက်ယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စာရင်းများကောက်ယူရာတွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်ဖြင့် ရပ်/ ကျေးအဆင့်ကော်မတီများမှ နတ်မောက်မြို့နယ်၌ ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၁)အုပ်စု၊ ကျေးရွာပေါင်း(၁၂၇)ရွာ၊  ကောက်ကွက်ပေါင်း( ၂၈၆ )သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ လူဦးရေ ဆိုင်ရာအချက်အလက်များနှင့်  အိမ်အကြောင်းအရာအချက်အလက် (၆၈)ချက်တို့ကို မေးမြန်းကောက်ယူလျက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်းအရာများကို မှန်ကန်စွာစာရင်းကောက်ယူခဲ့ကြရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများကလည်း  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း