ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်

ပုသိမ်ကြီး အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သက်ဆိုင်ရာအဖွဲ့များဖြင့် စာရင်းကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကျွန်းထဲပိုင်းဒေသများဖြစ်သည့် သရက်တပင်ကျေးရွာ၊ စက်ရိပ် (တောင်) ကျေးရွာသို့ သန်းခေါင်စာရင်းကောက်ယူမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူခြင်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့် ကော်မတီဝင်များ လိုက်ပါလျက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အတွင်း စက်တင်ဘာ ၈ရက်နေ့ထိ ကောက်ကွက် ၁၇၀ ပြီးစီးခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၃၀.၄၁ ရှိကာ၊ သန်းခေါင်စာရင်း ကောက်ယူခြင်းများကို အဖွဲ့ ၄၅ဖွဲ့၊ စာရင်းစစ်၊ စာရင်းကောက် (၂၁၇) ဦးတို့ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် စာရင်းကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)