စလင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

စလင်း အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် တောင်သူအသိပညာပေး ဟောပြောပွဲဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျေးလက်နေတောင်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်မြင့်မြင့်မွှေးက ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နည်းပညာများရရှိစေရန် စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းမှန်လမ်းမှန်စိုက်ပီုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးလုပ်ကိုင်နိုင်ကြစေရန်နှင့် ယခုနှစ်ဝါစိုက်ပျိုးရာသီ၌ အရည်အသွေးကောင်းဝါများရရှိရန် (Grade) အလိုက်ခွဲခြား၍ ဝယ်ယူမည့်အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်ခင်လေးက ဓာတ်မြေသြဇာအသုံးပြုမှုများကိုလည်းကောင်း ဒုဦးစီးမှူးဒေါ်မိုးမိုးကြည်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များမှ ရေကြီးနသ်မြုပ်ပြီး နောက်တက်တွဲကျရောက်နိုင်သည့်ရောဂါများမှ အင်းဆက်ဖျက်ပိုးများ၊ ရေကြီးနစ်မြုပ်ခြင်းကြောင့် စပါးခင်းများတွင်ကျရောက်နိုင်သည့် အင်းဆက်ဖျက်ပိုးများမှ၊ ငမြှောင်တောင်၊ ဖြုတ်ညို၊ ဖြုတ်ကျောဖြူတို့အား ကာကွယ်နှိမ်နင်းနည်းများကို ရှင်းလင်းပြောကြားခဲ့သည်၊ ရေကြီးနစ်မြုပ်ဖြစ်ပြီးနောက် နောက်ဆက်တွဲကျရောက်နိုင်သည့် ရောဂါများမှ စပါးရွက်ဖုံးခြောက်ရောဂါ၊ စပါးရွက်ဖုံးပုပ်ရောဂါ၊ ဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ ဘက်တီးရီးယားရွက်စင်းရောဂါများမှ ကာကွယ်နှိမ်နင်းနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ခံနိုင်ရည်ရှိသောမျိုးနှင့် ရောဂါကင်းသောအခင်းမှ မျိုးစေ့ကိုသုံးပါ၊ ရောဂါကျပင်ကြွင်းပင်ကျန်များနှင့် ပေါင်းမြက်များ အားရှင်းလင်းပါ၊ အပင်များကိုစိပ်စိပ်စိုက်ခြင်းမှရှောင်ကျဥ်ပါ၊ နိုက်တြိုဂျင်ဓာတ်ပါသော မြေသြဇာအားလွန်ကဲစွာအသုံးပြုခြင်းမှရှောင်ကျဥ်ပါ၊ လိုအပ်ပါကအကြိမ်ခွဲ၍ထည့်သွင်းပါ၊ ပိုတက်ရှိမြေသြဇာကိုမဖြစ်မနေထည့်သွင်း အသုံးပြုပါ၊ ရောဂါရှိစိုက်ခင်းကိုဖြတ်၍၊ ရေသွင်းရေထုတ်ပြုလုပ်ခြင်းမှရှောင်ကျဥ်ပါ၊ ရောဂါကျရောက်ပါကဖော်ပြပါ မှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ၊ စသည်ဖြင့်အကျယ်တဝင့်ဆွေးနွေးခဲ့သည်၊ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများ၏သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။

(မောင်လွင်) စလင်း