ဆီဆိုင်မြို့ ယာယီဈေးတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ဆီဆိုင် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် မြို့မဈေးနေရာ၌ ယာယီဈေးတည်ဆောက်နေမှုအား ယနေ့နံနက် ၁၀ နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ  ဦးအောင်ဆန်းဦးနှင့်တာဝန်ရှိသူတို့က မြို့မဈေးနေရာတွင် အဆောင် (၁၈)ခု၊ ဆိုင်ခန်း  (၃၈၂)ခန်း ပါဝင်သော ယာယီဈေးပုံစံ ဆောက်လုပ်နေမှုလုပ်ငန်းအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါမြို့မဈေးသည် ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး မြို့မဈေးအား ယာယီအကွက်ချပုံစံဖြင့်သာ ဖွင့်လှစ်ရောင်းချခဲ့သည်။ ယခုတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၃၇၉.၈၉၇)ဖြင့် မြို့မဈေးနေရာတွင် အဆောင် (၁၈)ခု၊ ဆိုင်ခန်း (၃၈၂)ခန်း ပါဝင်သော ယာယီဈေးပုံစံဆောက်လုပ်နေမှုလုပ်ငန်းသည် (၂၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)