မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဆင်ပေါင်ဝဲမြို့နယ် စံပြ ကျေးရွာ (၂) ရွာသို့ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်

ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရန်￸နှင့် ကလေးငယ်များကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေးအတွက် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ ဥက္ကဋ္ဌဒေါ်ဥမ္မာဆွေနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက မြို့နယ်စံပြကျေးရွာ (၂) ရွာဖြစ်သည့် ရွာသစ်ကျေးရွာနှင့် လွန်ချီကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ ဥက္ကဋ္ဌဒေါ်ဥမ္မာဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဖွဲ့ဝင်များနှင့်အတူ ရွာသစ်ကျေးရွာရှိ ကောင်းမြတ်မွန်စာကြည့်တိုက်သို့ ရောက်ရှိပြီး ရွာသစ်ကျေးရွာရှိသက်ကြီး အဘွား (၂) ဦးအား ငွေသား၊ လှူဖွယ်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ အဆိုပါ စာကြည့်တိုက်အား သုတ/ရသ စာအုပ်များ လှူဒါန်းခြင်းနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး လွန်ချီစံပြကျေးရွာရှိ သီရိရောင်ခြည် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် သက်ကြီးဘိုးဘွားများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ငွေသား၊လှူဖွယ်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်း များလှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊မူကြိုကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူလေးများ အားကစားစရာပစ္စည်းများ၊ ကျောင်းသုံးပစ္စည်းများနှင့် အာဟာရနို့ဆန်ပြုတ်များ ကျွေးမွေးခဲ့ကာ ကျေးရွာအတွင်းရှိ အမှိုက်ပုံးများစနစ်တကျထားရှိမှု ရှိ/မရှိ၊ သောက်သုံးရေကန်များ သန့်ရှင်းမှု ရှိ/ မရှိ၊ ဘုရားပန်းအိုးများ လဲလှယ်ပေးခြင်း၊ ရေစည်၊ ရေကန်၊ရေအိုးများကို အဘိတ်ဆေးခတ်ပေးခြင်းနှင့် ၂၀၂၄ ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအားစာရင်းစစ်၊ စာရင်းကောက်များမှ ဒေသခံပြည်သူများကို သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ မေးမြန်းကောက်ယူနေမှူများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း (ဆင်ပေါင်ဝဲ)