လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဆက်လက်ကောက်ယူ

လှိုင်သာယာ (အရှေ့ပိုင်း) အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အမှတ် (၆) ရပ်ကွက်ရှိ သာသနာ့မကုဋအတုလဗိမာန် (၃) ထပ်ဆောင်၌ ယနေ့နံနက် ၇နာရီတွင် စာရင်းကောက်များကို စုရပ်ပြုလုပ်၍ ရေဥက္ကံကျေးရွာ၊ ကစင်ကျေးရွာ နှင့်ရှမ်းချောင်းကျေးရွာတို့တွင် ပြည်သူများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက်အလက်များကို ကွင်းဆင်း၍ ဆက်လက်ကောက်ယူလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာ၌ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ မှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းအိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်များကို တစ်အိမ်တက်ဆင်းကောက်ယူရာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကို၊အဖွဲ့ဝင် (၁) ဗိုလ်မှူးကြည်သာဇော်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်၊ ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးသန့်ဇင်နှင့် ဝန်ထမ်းတို့ကကောက်ကွက် (၅၃) ကွက်တို့အား ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ထိုသို့ကွင်းဆင်းရာ၌ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရေဥက္ကံကျေးရွာ၊ ကစင်ကျေးရွာနှင့်ရှမ်းချောင်းကျေးရွာတို့တွင် ကောက်ယူနေသောလူဦးရေအချက်အလက်များနှင့် အိမ်ထောင်စုစာရင်း စုစုပေါင်း ၈၄၆၅ အိမ်ထောင်စုတို့တွင် ကျား ၁၄၁၄၂ ဦးနှင့် မ ၁၈၀၄၀ ဦးတို့ဖြင့် စုစုပေါင်း ၃၂၁၈၂ ဦး ရှိပြီး ၁.၁၀.၂၀၂၄ ရက်နေ့မှ ၁၃.၁၀.၂၀၂၄ ရက်နေ့အထိ လူဦးရေနှင့်အိမ်ထောင်စုစာရင်း ၃၄၁၄၇၇ ဦးတို့ကို CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီးလိုအပ်သည့် အချက်အလက်များကို ကောက်ယူပြီးစီးကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)​