ဝမ်းတွင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှု အားပေး

ဝမ်းတွင်း အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ရပ်ကွက်/ ကျေးရွာများအတွင်း အောက်တိုဘာ (၁) ရက်နေ့မှစတင်ကာ သန်းခေါင်စာရင်းကောက်အဖွဲ့များမှ ကွင်းဆင်း‌ကောက်ယူနေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ကြည့်ရှုအားပေးခဲ့သည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက် () ရပ်ကွက် ကျေးရွာအုပ်စု (၆) အုပ်စုရှိရာ ကောက်ကွက်ပေါင်း (၄၂၃) ကွက်ရှိပြီး စာရင်းကောက်အဖွဲ (၃၀) ဖွဲ့ဖြင့် အိမ်ထောင်စုပေါင်း (၄၂၂၈၃)ခုကို စာရင်းများကောက်ယူလျက်ရှိပြီး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ဝမ်းတွင်းမြို့နယ် လျော်ပင်ကျေးရွာနှင့် ညောင်ပင်လှကျေးရွာတို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)