ဒဂုံမြောက် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၅)ရပ်ကွက်ရှိ နတ်ရေကန်ပန်းခြံသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဌာနမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နတ်ရေကန်ပန်းခြံ ပတ်ဝန်းကျင် ရေစီးရေလာကောင်းမွန်ရေးလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နေမှုများ၊ မဟော်ဂနီခြင်းလုံးရုံအား နိုင်ငံတော်ပံ့ပိုးမှု၊ ပြည်သူထည့်ဝင်မှုများဖြင့် အမြန်ဆုံးအကောင်အထည်ဖော်တည်ဆောက်နိုင်ရန် မြို့တော်ဝန်မှ လမ်းညွှန်မှာကြားခဲ့ပြီး နတ်ရေကန်ပန်းခြံနှင့် မဟော်ဂနီခြင်းလုံးရုံဆောက်လုပ်မည့် နေရာတို့အား လှည့်လည်ကြည့်ရူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ