ကျောက်ဆည် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်နေတောင်သူများ စိုက်ပျိုးရေးကဏ္ဍအောင်မြင်ဖြစ်ထွန်းရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူရာတွင် လွယ်ကူစွာ သယ်ယူနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေလျက် မြောင်းများနှင့် မြောင်းဘောင်များအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသခံပြည်သူများ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကဏ္ဍမျိုးစုံအသုံးပြုနိုင်ရေး သင်တောင်းလက်တံမြောင်းဘောင်လမ်းအား ပြန်လည်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တောင်းလက်တံမြောင်းသည် ထန်းဇင်တော်ကျေးရွာနှင့်အရှေ့ငယ်တိုးကျေးရွာအုပ်စု ဒေသခံပြည်သူများ အဓိကဖြတ်သန်းသွားလာနေသော မြောင်းဘောင်မြေသားလမ်း တစ်လမ်းဖြစ်ကြောင်း၊ လမ်းသည်နှစ်ကာလကြာမြင့်ပြီး အသွားအလာများသောကြောင့် ချိုင့်ခွက်များ ဖြစ်ပေါ်လျက်ရှိပြီး သွားလာရန်ဖြစ်ပေါ်လျက်ရှိသောကြောင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၁၅၇.၅၀၀)ကျပ်သန်းအကုန်အကျခံပြီး အလျားပေ(၁၆၀၀၀)ပေ၊ အကျယ် (၁၀)ပေ၊ ထု(၆)လက်မ ဂျင်းကျောက်လမ်း ပြန်လည်ပြုပြင်ပေးခဲ့ရာလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သင်တောင်းလက်တံမြောင်းဘောင် ပြန်လည်ပြုပြင်ပေးခြင်းကြောင့် အဆိုပါ မြောင်းဘောင်လမ်းအား အဓိက အသုံးပြုနေသည့် ထန်းဇင်တော်ကျေးရွာနှင့်အရှေ့ငယ်တိုးကျေးရွာမှ ပြည်သူများနှင့် အခြားဒေသမှ ပြည်သူများ၏ ဒေသထွက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် ရာသီမရွေး လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်သောကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထာက်အကူပြုလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)