နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရက်လွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး

ထန်ပါခွေ     အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့နံနက် (၁၁) နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ ဈေးအရောင်းဆိုင်များအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်ရှိ ဈေးအရောင်းဆိုင်(၆)ဆိုင်အား ရက်လွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ရက်လွန်စားသောက်ကုန်များအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့နောက် သိမ်းဆည်းရမိသည့် ရက်လွန်စားသောက်ကုန်များအား မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထန်ပါခွေ(ပြန်/ဆက်)