တာချီလိတ်မြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးသည့် မွမ်းမံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

တာချီလိတ်  အောက်တိုဘာ ၂၁

အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေရန်နှင့် ကျေးရွာစီးပွားရေး တိုးတတ်မြင့်မားစေရန် ရည်ရွယ်၍ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မွမ်းမံစက်ချုပ်သင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ခေတ်မီစံပြကျေးရွာရှိ ပညာရတနာမွန် စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။

ဦးစွာတာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကျော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မယ်လိတ်ပါကော်ခေတ်မီစံပြကျေးရွာ၊ သူကြီးဦးယောပမှ သင်တန်း၏ စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါသင်တန်းတွင် အာခါတိုင်းရင်း သားသင်တန်းသူ ၁၁ ဦးမှ တက်ရောက်သင်ကြားနေပြီး ၎င်းတို့အနေဖြင့် အခြေခံစက်ချုပ်သင်တန်းကို (၁၃-၉-၂၀၂၄) ရက်နေ့မှ (၁၂-၁၀-၂၀၂၄) ရက်နေ့ထိရက်ပေါင်း ၃၀ ကြာသင်ကြားခဲ့ပြီးဖြစ်ရာ ယခုထပ်မံ၍ မွမ်းမံသင်တန်းကာလကို (၂၀-၁၀-၂၀၂၄) ရက်နေ့မှ (၃-၁၁-၂၀၂၄) ရက်နေ့ထိ သင်တန်းကာလ ၁၅ ရက်ကို ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့လက်တွေ့ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသူများအား သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အေးအေးလတ်