ကျွန်းလှ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၂၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ဆောင်းရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုးဖို့ ၂၉၅၄၀ ဧက လျာထားတယ်။ တောင်သူတွေကို ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ မျိုးကောင်း မျိုးသန့်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးစတဲ့ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ ၁၃၈၉၆ ဧက၊ နေကြာ ၁၂၃၆ ဧက၊ နှမ်း ၁၄၀၃၃ ဧက၊ မုံညှင်းစေ့ ၃၅၇ ဧက စုစုပေါင်း ၂၉၅၄၀ လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ