မဟာအောင်မြေမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ အောက်တိုဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းအဆင့်ရှိ ကျောင်းသား/သူများ အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် များစွမ်းရည်မြင့်မားစေရန်ရည်ရွယ်၍ Grade(5) မှ Grade (9)အထိ အင်္ဂလိပ်စာ ဘာသာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ သူ (၁၆၄)ဦးနှင့် သင်္ချာဘာသာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား/သူ(၁၇၄)ဦး၊ စုစုပေါင်း (၃၃၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (၂၂.၁၀.၂၀၂၄)နံနက်ပိုင်းတွင် ရေးဖြေစာမေးပွဲကျင်းပေးပြီး နေ့လည်ပိုင်းတွင် ရေးဖြေဓမ္မဓိဌာန်အား ဆက်လက်ဖြေဆိုပြီး (၂၃.၁၀.၂၀၂၄)ရက်နေ့တွင် ပြိုင်ပွဲဝင်အားလုံး အတန်းလိုက်အဆင့် ၁ မှ ၃ အထိရရှိသူ (၃)ဦးအား ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြိုင်စေပြီးနောက် ကျပန်းစကားပြောပြိုင်ပွဲအတွက်(၃၀)မှတ်နှင့် နှုတ်ဖြေမေးခွန်းအတွက်(၂၀)မှတ် သတ်မှတ်၍ နှုတ်ဖြေမေးခွန်း(၅)ပုဒ်အား ဆက်လက်စစ်ဆေးပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရ ကျောင်းသား/သူများအား တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဇော်မင်း