တွံတေးမြို့နယ်၌ ကျန်းမာရေးစစ်တမ်းကောက်ယူခြင်း ဆောင်ရွက်

တွံတေး  အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အုန်းပင်စုရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဖြစ်နေသောရောဂါများ၊ ကျန်းမာရေးစောင့်ရှောက်မှုအသုံးပြုပုံနှင့် ၎င်းးတို့၏မိသားစုအထောက်အပံ့များလေ့လာသည့် သုတေသနကျန်းမာရေးစစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ ဖြစ်နေသောရောဂါများ၊ ကျန်းမာရေးစောင့်ရှောက်မှုအသုံးပြုပုံနှင့် ၎င်းတို့၏မိသားစုအထောက်အပံ့များလေ့လာသည့် သုတေသနကျန်းမာရေးစစ်တမ်းကောက်ယူခြင်းကို ဆေးတက္ကသိုလ် ၂ မှ ဒေါက်တာ ကေခိုင်(professor) ဦးဆောင်သောရန်ကုန်ဆေးတက္ကသိုလ်(၂) နောက်ဆုံးနှစ် အပိုင်း(က) ကျောင်းသား၊ ကျောင်းသူများက အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများး၏ သဘောတူညီမှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဖြစ်ပွားသောရောဂါရှိ၊ မရှိ၊ မိသားစု အထောက်အပံ့များ ရှိ၊ မရှိ၊ ဆေးသုတေသနမှတ်တမ်းရေးသွင်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၌ အများဆုံးတွေ့ရှိရသည့် မျက်စိလက္ခဏာများ၊ လက်ရှိဖြစ်ပေါ်နေသောမျက်စိဆိုင်ရာအချက်အလက်များ ရောဂါများနှင့် မိသားစုအထောက်အပံ့များကို သုတေသနပြုဆောင်ရွက်ကြကြောင်း သိရသည်။

ရန်ကုန်ဆေးတက္ကသိုလ်(၂)နောက်ဆုံးနှစ် အပိုင်း(က) ကျောင်းသားကျောင်းသူ(၃၄)ဦးနှင့် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျောင်းဝန်းအတွင်း အစုခွဲများကာ ကျန်းမာရေးစစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးသား