ကော့သောင်းမြို့၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

ကော့သောင်း ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းကို ရပ်ကွက်၊ကျေး‌ရွာအလိုက်  ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာ၊ဆရာမများက ပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာများ ရှင်းလင်းဟောပြောခြင်းများဆောင်ရွက်ခြင်း၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)