ကလော နိုဝင်ဘာ ၄
ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ရေယားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီမှူး ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ ရရှိစေရေး၊ အားလပ်တဲ့အချိန်မှာ စာအုပ်စာစောင်များ ဖတ်၍ အချိန်ကို အကျိုးရှိရှိ အသုံးချတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်း၊ စာရိတ္တအကြောင်းနှင့် လူငယ်ရေးရာအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက်၊ သုတ၊ ရသ စာအုပ်များ ဖတ်ရှုစေခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)