ဒဂုံမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကျောက်စိမ်းတွင်းဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က ကချင်ပြည်နယ် ဗန်းမော်အသင်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

ဇီးကုန်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းတွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ စက်ကိုင်မွမ်းမံသင်တန်းပို့ချခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ဆက်လက်ကျင်းပပြုလုပ်ရာတွင် ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းတွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ စက်ကိုင်မွမ်းမံသင်တန်းကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ်တွင်  (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ စည်ကားစွာ ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြည်သူ့အားကစားခန်းမအတွင်း၌ ယနေ့ညက  စည်ကားစွာ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြား

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ‌ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ပုဇွန်တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က လာရောက်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ပြန်ဆိုထားသည့် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှုလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်ခြင်းက်ို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောက်ခြုံကြီးကျေးရွာနှင့် ပေါက်တောကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြသည်သူ့ဆေးရုံကြီး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွေးဖွားသည့် ကလေးသူငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် မွေးဖွားသည့် ကလေးသူငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲကို ယမန်နေ့က ဆောင်ရွက်ကြသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်နှင့်ကလေးပြိုင်ပွဲ၊ လွတ်လပ် ရေးမောင်/မယ် ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းမှ ကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်စံပြ မိခင်နှင့်ကလေးပြိုင်ပွဲ၊ လွတ်လပ်ရေးမောင်/မယ် ဆုချီးမြှင်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ခုတင်(၁၀၀)ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ဇန်နဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ် အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း(လွိုင်ချို)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း(လွိုင်ချို)၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ပျောက်ဆုံး/ပျက်စီးသူများအား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၂)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသူများနှင့် ပျောက်ဆုံး/ပျက်စီးသူများအား ယမန်နေ့နံနက် ၉ နာရီက ထုံးဘိုကျေးရွာအုပ်စုနှင့် အနီးကျေးရွာများအား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to