ပင်းတယမြို့၌ ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား ပင်းတယ၊ ရပ်စောက်နှင့်အောင်ပန်း ကားလမ်းမကြီး‌ပေါ်ရှိ သဘာဝပုန်းတလုတ်ရေကန်မြောက်ဘက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ယောချောင်း၌ ကျင်းပမည်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကို ယောဝရပ်ကွက်ရှိ ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာအရပ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲကို ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။

နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၂၀၂၆ ခုနှစ်မိုးရာသီတွင် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း( ၅၆၄၃၈)ပင် ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဒေသစိမ်းလန်းစိုပြည်ရေး၊ ကျေးရွာဒေသဖွံ့ဖြိုးရေး၊ ပြည်သူကိုဗဟိုပြုစိုက်ခင်းများတွင် စိုက်ပျိုးရန်အတွက်ပျိုးပင်(၅)မျိုး ပျိုးပင်ပေါင်း(၅၆၄၃၈)ပင် ပျိုးထောင်ထားရှိသည်။

မိုင်းနောင်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွှက်

မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဒေသထွက်ကုန်ပစ္စည်းပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ၊ ပရိယတ္တိနွေရာသီသင်တန်း Summer School တက်ရောက်နေသော ရဟန်း၊ ရှင်သာမဏေများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ဒေသထွက်ကုန်ပစ္စည်းပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့မနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဟိုရမ်းကျေးရွာနှင့် နားဖန်းကျေးရွာတို့၌ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နွေရာသီကာလအတွင်း ကျရောက်လာနိုင်သည့် အပူဒါဏ်အန္တရာယ်များမှ အများပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်းရပ်ကွက်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ကြောင်း သိရသည်။

လက်ပံတန်းမြို့၌ အခြေခံပန်းချီသင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
Subscribe to