နတ်တလင်းမြို့နယ်၌ မူလတန်းကြိုကျောင်း ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

နတ်တလင်း ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ရွှေလင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်မှ မူကြိုကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ကျောင်ဆင်းလက်မှတ်ချီးမြှင့်ခံယူမည့် သားငယ်သမီးငယ်လေးများ စင်ပေါ်တက်ရောက်နေရာယူခဲ့ကြသည်။

ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာမြင့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များမှ သားငယ်သမီးငယ် (၃၅)ဦးတို့အား ကျောင်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ သားငယ်၊ သမီးငယ်လေးများမှ ပဒေသာကပွဲများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)