ကျွန်းလှမြို့နယ်၌ နွေရာသီ ဘောလုံးအားကစားနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ကျွန်းလှ ဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဘောလုံးအားကစားနည်း အဆင့်တန်းတိုးတက်မြှင့်မားစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီဘောလုံးအားကစားနည်းသင်တန်းကို ရွှေကျွန်းမြေအားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေလျက်ရှိကြောင်း သိရသည်။

 “ဒီနှစ် နွေရာသီမှာ လူငယ်လူရွယ်များနဲ့ ကျောင်းသား ကျောင်းသူများ မိမိတို့ဝါသနာပါတဲ့ အားကစားနည်းများ သင်ကြားနိုင်ရန်အတွက် အားကစားနည်းများ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ ဘောလုံးအားကစားနည်းမှာ ကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း၊ သွေးပူလေ့ကျင့်ခန်း၊ အခြေခံဘောလုံးအားကစားနည်းနှင့် ဥပဒေနည်းစနစ်များ သင်ကြားပေးလျက်ရှိပါတယ်ဟု မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောသည်။

ကျွန်းလှမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ Myanmar Fitness Dance အေရိုးဗစ်သင်တန်းများကို သက်ဆိုင်ရာနည်းပြများဖြင့် စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ