မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံတွင် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်ပါက  ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးပြင်ဆင်ထား

မလှိုင် ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ပူပြင်းသည့် နွေရာသီကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်တတ်သောရောဂါများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသောလူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အပူဒဏ်ကြောင့်ရောက်ရှိလာသော လူနာများအား  လက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပွားသည့် လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြသနာများ ကာကွယ် ကုသပေးရေးအတွက် လုပ်ငန်းများအားအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော “ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်” နည်းလမ်းများကို ကိုယ်တိုင် လိုက်နာဆောင်ရွက်ကြရန်နှင့် အခြားသူများကို လိုက်နာဆောင်ရွက်ရေး တိုက်တွန်းပေးစေလိုကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်လတ် ထံက သိရသည်။

မြို့နယ် ( ပြန်/ဆက် )