တံတား ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံဂီတာတီးသင်တန်းကို ယနေ့နံနက်(၈)နာရီက သင်ကြားပို့ချလျက်ရှိသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်၏ အခြေခံဂီတာတီးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်တွေအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလမှာ အနုပညာဝါသနာကို အကောင်အထည်ဖော်ရင်း အချိန်ကို အကျိုးရှိရှိကုန်ဆုံးစေရန်၊ အနုပညာစွမ်းရည်ကို မြှင့်တင်ပေးရန်၊ ဝါသနာရှင်များအနေဖြင့် ဂီတာကို စနစ်တကျတီးခတ်တတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုစေရန်၊ ဂီတာတီးခြင်းဖြင့် အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေရန်၊ ဂီတာတီးဝါသနာပါသူအချင်းချင်း တွေ့ဆုံခြင်းဖြင့် အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ အဖွဲ့အစည်းနှင့် လုပ်ဆောင်တတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ အခြေခံဂီတာတီးသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဧပြီလ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ဂီတဆိုင်ရာအခြေခံသီဟိုရီများ၊ Chord ကိုင်နည်းများ၊ Rhythm တီးခတ်ပုံများနှင့် သီချင်းများကို ကိုယ်တိုင်တီးခတ်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် အနီးကပ်သင်ကြားပို့ချပေးလျက်ရှိသည်။
ထိုသင်တန်းသို့ တံတားမြို့ပေါ်ရှိ ဂီတဝါသနာပါသူ လူငယ်များ တက်ရောက်လျက်ရှိပြီး သင်တန်းကာလအတွင်း ဂီတနှင့်ပတ်သက်သော ဗဟုသုတများကိုပါ ဖလှယ်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)