ပန်းတောင်း ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတမြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အ.မ.က (လွန်) နတ်မောက်ကျောင်းရှိ ဓမ္မစကူးသင်တန်းကျောင်းသို့ သွားရောက်ကာ အသိပညာပေးဟောပြောခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်များနှင့် စာပေအကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူငယ်များလိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်လူငယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ပြသခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)