သရက်ချောင်းမြို့နယ်၌ (တတိယအကြိမ်) ယူရီးယား(Urea)ဓာတ်မြေဩဇာ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးမျိုး‌စေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား(တတိယအကြိမ်) ယူရီးယား(Urea) ဓာတ်မြေဩဇာစျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် ဌာနနှစ်ပတ်‌လည်နေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) အချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

မိုးစပါးများရိတ်သိမ်းချိန် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သူများအခက်တွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် နိုဝင်ဘာ ၆ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စပါးရိတ်သိမ်း‌နေသည့် တောင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသရှိ ရော်ဘာ အစေးလှီးခြင်းလုပ်ငန်း ခေတ္တရပ်နားလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးဒေသရှိ ရော်ဘာစိုက်ပျိုးသော တောင်သူအချို့ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်း ခေတ္တရပ်းနားလျက်ရှိ ကြောင်းသိရသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ပုံမှန်လုပ်ကိုင်လျက်ရှိပြီး ရော်ဘာတစ်ပေါင်လျှင် အရည်အသွေးပေါ်မူတည်၍ ကျပ် (၁၂၀၀) မှ (၁၃၀၀) ကျပ်ထိရရှိကြောင်း သိရသည်။

နတ်မောက်မြို့၌ ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ                        

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နိုဝင်ဘာလ(၆)ရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် ယနေ့ နံနက် (၆) နာရီတွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့်အမှတ်ထက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။    

နမ့်စန်မြို့တွင် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရိပ်သာနှင့် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတို့တွင် ကျင်းပသည်။

အရာတော်မြို့၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

သရက်မြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်နှင့် ခရိုင်/မြို့နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းကျင်းပခြင်းကို ယနေ့နံနက်(၁၁)နာရီက ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်ဥပဒေအရာရှိနှင့် ခရိုင်အတွင်း မြို့နယ် ဥပဒေအရာရှိ များ ၊ ခရိုင်/မြို့နယ် ဝန်ထမ်းများ တက်ရောက်ကြသည်။

တနင်္သာရီမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၇ရက်နေ့တွင် ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်‌မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့်ဝန်ထမ်းများက ချောင်းငယ်ရပ်ကွက်-မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် အားအမှူးထား၍ သာသနာ့ဟိတဓမ္မာရုံအတွင်း ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က အရုဏ်ဆွမ်း၊ ဆွမ်းဆန်နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to