ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်သို့မတ်ပဲမျိုးစေ့၊ နေကြာမျိုးစေ့နှင့် သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းပို့ကုန် ကုမ္ပဏီများမှစုပေါင်း၍ လွန်ခဲ့သည့်ရေကြီးနှစ်မြှပ်မှုဖြစ်ပေါ်နေသည့် ဒေသများတွင် အချိန်မီစိုက်ပျိုးနိုင်ရန် မတ်ပဲမျိုးစေ့နှင့် နေကြာစပ်မျိုး(၁)ပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။