မြောက်ဥက္ကလာပ မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်း၊ ပညာရတနာခန်းမတွင် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။