မိုင်းရယ် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် နိုဝင်ဘာ ၆ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စပါးရိတ်သိမ်းနေသည့် တောင်သူများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။
မိုးရွာသွန်းနေမှုကြောင့် ရိတ်လက်စစပါးများ ဆက်လက်ရိတ်သိမ်းရန်ခက်ခဲနေကြောင်း၊ တချို့ရိတ်သိမ်းပြီး တောင်သူများလည်း သိုလှောင်ရန် အခက်အခဲဖြစ်ကြောင်း၊ မိမိဒေသတွင် တည်ငြိမ်စပြု၍ စိုက်ပျိုးသီးနှံများ အေးဆေးစွာ ရိတ်သိမ်းမည်ပြုသော်လည်း ရာသီဉတု ဖောက်မှုကြောင့် တောင်သူများ အခက်တွေ့လျက်ရှိကြောင်း မိုင်းရယ်ဒေသခံ တောင်သူ ဦးဆန်ဆိုင်က ဆိုသည်။
မိုင်းရယ်မြို့နယ်တွင် မိုးစပါးစိုက်ဧက စုစုပေါင်း (၁၈၀၅၀) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိ (၇၀) ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
မိုင်းရယ်(ပြန်/ဆက်)