စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

စဉ့်ကိုင် နိုဝင်ဘာ ၈

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် ဌာနနှစ်ပတ်‌လည်နေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) အချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ပင့်သံဃာတော် (၅)ပါးအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက အမှားစကားပြောကြားခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းအား (video clip) ပြသခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းဟောင်း (၂၇) ဦးတို့အား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ကံစမ်းမဲများ ဖောက်ပေးခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား နတ်သုဒ္ဓါဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)