အရာတော် နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရွှေလင်ပန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝထံမှ သီလစောင့်တည်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြည်သာအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပ်မိရပ်ဖများက ဆက်ကပ်လှူဒါန်းပြီး ကထိန်သင်္ကန်းကို ရေစက်သွန်းချသည်။
စုပေါင်းမဟာဘုံကထိန်တွင် ဝတ္ထုငွေ (၁၀) သိန်းကျပ်နှင့် ပစ္စည်းတန်ဖိုးငွေ (၅၆၉၃၀၀) သိန်းကို ရွှေလင်ပန်းကျောင်းတိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်