သံတောင်ကြီးဒေသရှိ ရော်ဘာ အစေးလှီးခြင်းလုပ်ငန်း ခေတ္တရပ်နားလျက်ရှိ

သံတောင်ကြီး နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးဒေသရှိ ရော်ဘာစိုက်ပျိုးသော တောင်သူအချို့ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်း ခေတ္တရပ်းနားလျက်ရှိ ကြောင်းသိရသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ပုံမှန်လုပ်ကိုင်လျက်ရှိပြီး ရော်ဘာတစ်ပေါင်လျှင် အရည်အသွေးပေါ်မူတည်၍ ကျပ် (၁၂၀၀) မှ (၁၃၀၀) ကျပ်ထိရရှိကြောင်း သိရသည်။

ယခုနွေရာသီတွင် ရော်ဘာပင်များ အရွက်များ ကြွေချိန်ဖြစ်သည့်အတွက် ရော်ဘာအစေးထုတ်ခြင်းကို ခေတ္တရပ်နားထားကြောင်း၊ အရွက်များ ပြန်ပေါက်လာသည့် အချိန်မှသာလျှင် ရော်ဘာအစေးထုတ်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်မည်ဖြစ်ကြောင်း ယခုနှစ် ရော်ဘာဈေးကောင်း ရရှိသည့်အတွက် ရော်ဘာစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ရော်ဘာစိုက်ပျိုးလုပ်ကိုင်သူ တောင်သူဦးနေစိုးထံမှ သိရသည်။   

နော်နော်မူ