မြစ်သားမြို့နယ်တွင်  ‌ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးဧကများအား  ဆောင်းသီးနှံအစားထိုး စိုက်ပျိုးနိုင်ရေး အတွက် (မတ်ပဲ၊ပဲတီစိမ်း၊နေကြာ)မျိုးစေ့များနှင့် မိုးစပါး၊  ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး  သွင်းအားစုပေးအပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင်‌  ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီး ဧကများအား ဆောင်းသီးနှံအစားထိုး စိုက်ပျိုးနိုင်ရေးအတွက်(မတ်ပဲ၊ပဲတီစိမ်း၊နေကြာ)မျိုးစေ့များနှင့် မိုးစပါး၊ ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး  သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြစ်သားမြို့ ရွှေသူဌေးရပ်ကွက်ရှိ  စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးထပ်နှင့်သီးနှံစိုက်စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြည်မြို့ရွာဘဲ ရပ်ကွက်သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်သည်။

ဝင်ငွေရရှေးဦးပြုစုခြင်းဆိုင်ရာ စီးပွားရေးအမြင် ချိတ်ဆက်မှုသင်တန်းဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်းအရင်းအမြစ် စုစည်းအသုံးချရေးဌာနသည် အသင်းရန်ပုံငွေမြှင့်တင်ရေးလှုပ်ရှားမှုများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် အသင်းခွဲများ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအထောက်အပံ့ပေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ဝင်ငွေရရှေးဦးပြုစုခြင်းဆိုင်ရာ စီးပွားရေးအမြင် ချိတ်ဆက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင် ကျင်းပခဲ့သည်။

(၂၀၉)ကြိမ်မြောက်၊ ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဗုဒ္ဓရှင်တော်မြတ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက် ၊ ဒီပင်္ကရာဘုရားတန်ဆောင်းတော်တွင် ယမန်နေ့ညနေပိုင်းက (၂၀၉)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဗုဒ္ဓရှင်တော်မြတ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် ရေသပ္ပါယ်ခြင်း အခမ်းအနားကျင်းပကာ မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ စဉ်ဆက်ပညာရေးလုပ်ငန်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့ညနေ ၃ နာရီက ခရိုင်/မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် စဉ်ဆက်ပညာရေးလုပ်ငန်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်တွင်းရှိရေအထိုင်ငုပ်များအား လိုက်လံစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့မရပ်ကွက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ ရေအထိုင်ငုပ်များအား လိုက်လံစစ်ဆေးခဲ့သည်။

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုသောအားဖြင့်  ဆေးကုသခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုသောအားဖြင့် အခမဲ့ဆေးကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို  ဇီးကုန်းမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ ယမန်နေ့က မြောက်လွှတ်ကုန်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း(တောင်ပိုင်း)ကျောင်း၌ ကျင်းပသည်။

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီးကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “လမင်းသာ” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်ရှိ “ လမင်းသာ ” ကိုယ်ပိုင်အထက်တန်းကျောင်း စုပေါင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်၊ လက်ပံချောင်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ လက်ပံချောင်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to