နတ်မောက် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နိုဝင်ဘာလ(၆)ရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် ယနေ့ နံနက် (၆) နာရီတွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့်အမှတ်ထက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၃)ပေရှိရာ လက်ရှိရေမှတ်မှာ (၆၈၄ ဒသမ ၂)ပေ ရှိသည့်အတွက် ရေပိုလွှဲမှ ( ၁ ဒသမ ၂ )ပေ ရေကျော်ကျလျက်ရှိပြီး ဆည်၏ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင် ကောင်းမွန်သည့်အတွက် စိုးရိပ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်း ချောင်းတစ်လျှောက်ရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
လှဝင်း(ပြန်/ဆက်)