စလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များနှင့် ပြည်သူများအား နေ့စဉ် သုတ၊ ရသစာအုပ်များ ငှားရမ်းပေး

စလင်း ဧပြီ ၇

စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည်၊ ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ စာအုပ်စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်၊ စာစောင်များ နေ့စဉ်လာ ရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊  ကျောင်းသူ၊ ကျောင်းသားများ၊ လူငယ်လူရွယ်များအား၊ မြို့နယ်စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေဗဟုတကြွယ်ဝပြည့်စုံသော လူငယ်များ၊ ဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အားတနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသစာအုပ်စာစောင်များကို အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်သည့် စာဖတ်ပရိသတ်များအား ရုံးဝန်ထမ်းများရှိရာ  ဌာနဆိုင်ရာရုံးများအရောက် ကွင်းဆင်းကာ ငှားရမ်းပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးမိုးသူထံက သိရသည်။

မောင်လွင်(စလင်း)